Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 40:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ပန်းတဉ်းသမား​သည် ရုပ်တုဆင်းတု​ကို​သွန်းလုပ်​တတ်​၏​။ ပန်းထိမ်သမား​သည်​လည်း ထို​ရုပ်တု​ကို​ရွှေ​ဖြင့်​မွမ်းမံ​ပြီး ငွေ​ဆွဲကြိုး​များ လုပ်ပေး​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

19 ကိုယ်​တော်​သည်​အ​တတ်​ပ​ညာ​သည်​များ​သွန်း လုပ်​၍၊ ပန်း​ထိမ်​ဆ​ရာ​တို့​ရွှေ​ဖြင့်​မွမ်း​မံ​ကာ၊ငွေ အ​ခြေ​ခံ​တွင် တပ်​ဆင်​ထား​သည့်​ရုပ်​တု​နှင့်​မ​တူ။

Ver Capítulo Copiar

Garrad Bible

19 ရုပ် ပွား ဆင်း တု ကို ကား ပန်း တည်း သွန်း ခြင်း၊ ပန်း တိမ် ရွှေ မွမ်း မံ ခြင်း၊ ငွေ ကြိုး ဖွဲ့ ခြင်း များ ဖြင့် ပြု လေ့ ရှိ၏။

Ver Capítulo Copiar

Judson Bible

19 ပန်း​တဉ်း​သ​မား​သည် ရုပ်​တု​ကို​သွန်း​ပြီး​မှ၊ ပန်း​ထိမ်​သ​မား​သည် ရွှေ​နှင့်​မွမ်း​မံ၍၊ ငွေ​ကြိုး​ကို​လည်း လုပ်​တတ်၏။

Ver Capítulo Copiar




ဟေ​ရှာ​ယ 40:19
17 Referencias Cruzadas  

လူမျိုးခြား​တို့​၏​ရုပ်တု​များ​သည် ရွှေ​ငွေ​များ​ဖြစ်​ကြ​၏​။ လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။


၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။


ထို​နေ့ရက်​၌ လူ​တို့​သည် မိမိ​တို့​ရှိခိုးကိုးကွယ်​ရန် ထုလုပ်​ထား​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​တို့​ကို ပွေး​များ​၊ လင်းနို့​များ​အလယ်​၌ ပစ်ထား​ကြ​မည်​။


သူ​တို့​ပြည်​သည် ရုပ်တု​များ​နှင့်​ပြည့်​၍ သူ​တို့​သည် မိမိ​တို့​လက်​ဖြင့်​လုပ်​သော​အရာ​၊ မိမိ​တို့​လက်ချောင်း​များ​ဖြင့် ပြုလုပ်​သော​အရာ​တို့​ကို ရှိခိုးကိုးကွယ်​ကြ​၏​။


သင်​တို့​သည် ငွေ​ဖြင့်​မွမ်းမံ​သော​ရုပ်တု​၊ ရွှေ​ဖြင့်​သွန်းလုပ်​သော​ရုပ်တု​တို့​ကို ညစ်ညူး​သည်​ဟု​မှတ်​လျက် ရာသီသွေး​စွန်း​သော​အဝတ်​ကဲ့သို့ လွှင့်ပစ်​၍ “​သွား​တော့​”​ဟု ဆို​လိမ့်မည်​။


ကျွမ်းကျင်​သော​လက်မှုပညာသည်​နှင့် ပန်းထိမ်သမား​တို့​က တာရှု​မြို့​မှ​လာ​သည့်​ငွေပြား​၊ ဥဖတ်​မြို့​မှ​လာ​သော​ရွှေ​တို့​ဖြင့် တန်ဆာဆင်​ပေး​ကြ​၏​။ ကျွမ်းကျင်သူ​တို့​က အပြာရောင်​အထည်​၊ ခရမ်းရောင်​အထည်​တို့​ဖြင့်​လည်း တန်ဆာဆင်​ပေး​ကြ​၏​။


ထိုသို့ စပျစ်ဝိုင်​ကို​သောက်​ရင်း ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။


အကယ်စင်စစ် ထို​ရုပ်တု​သည် အစ္စရေး​ထံမှ အစပြု​ခဲ့​၏​။ လက်မှုပညာသည်​က ထုလုပ်​သည်​ဖြစ်၍ ဘုရား မ​ဟုတ်​။ ရှမာရိ​အမျိုး​၏​နွားသငယ်ရုပ်တု​သည် တစ်စစီ​ကျိုးပဲ့​ရ​လိမ့်မည်​။


ဤသို့ဖြင့် ထို​ငွေ​ကို မိခင်​အား​ပြန်ပေး​သောအခါ မိခင်​က ငွေ​နှစ်ရာ​ကို​ယူ​ပြီး ပန်းထိမ်သမား​အား​ပေး​၍ ရုပ်တု​ကို​ထွင်းထု​၊ သွန်းလုပ်​စေ​၏​။ ထို​ရုပ်တု​တို့​ကို မိက္ခာ​၏​အိမ်​၌​ထား​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos