ဟေရှာယ 34:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထာဝရဘုရား၏ကျမ်းစာလိပ်ထဲ၌ ရှာဖွေဖတ်ရှုကြ။ ထိုအကောင်တို့သည် တစ်ကောင်မျှမပျောက်။ ဖိုမအစုံအစုံ ရှိကြလိမ့်မည်။ ထိုသို့ နှုတ်တော်ထွက်ရှိနှင့်ပြီ။ ဝိညာဉ်တော်သည် ထိုအကောင်တို့ကို စုရုံးစေတော်မူပြီ။ Ver CapítuloCommon Language Bible16 သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။- Ver CapítuloGarrad Bible16-17 ထာ ဝ ရ ဘု ရား၏ ကျမ်း စာ တော် ကို စူး စမ်း၍ ဖတ် ကြ လော့။ နှုတ် တော် ဖြင့် မိန့် ဆို ခြင်း၊ ဝိ ညာဉ် တော် ဖြင့် စု ရုံး ခြင်း၊ လက် တော် မဲ ချ၍ နေ ရာ ကို တိုင်း တာ ဝေ ငှ ခြင်း ပြု တော် မူ သည့် အ တိုင်း၊ တစ် ကောင် မျှ မ ယုတ်၊ ဖို မ အ စုံ ဖြစ် သော ထို အ ကောင် များ သည်၊ ထာ ဝ ရ အ ပိုင် ရ၍ အ မျိုး အ ဆက် ဆက် ရှိ နေ ကြ လိမ့် မည်။ Ver CapítuloJudson Bible16 ထာဝရဘုရား၏ကျမ်းစာကိုကြည့်ရှု၍ ဖတ်ကြလော့။ ထိုတိရစ္ဆာန်တစ်ကောင်မျှ မပေါ်ဘဲမနေရ။ အမတစ်ကောင်မျှ မိမိအဖော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူတို့ကို စုဝေးစေတော်မူ၏။ Ver Capítulo |
သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။