ဟေရှာယ 31:6 - မြန်မာ့စံမီသမ္မာကျမ်း6 အစ္စရေးအမျိုးသားတို့၊ သင်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ပုန်ကန်ခဲ့သော အရှင်ထံသို့ ပြန်လာကြလော့။ Ver CapítuloCommon Language Bible6 ဘုရားသခင်က``အို ဣသရေလအမျိုးသား တို့၊ သင်တို့သည်ငါ့ကိုပြစ်မှားကာဆန့်ကျင် ဘက်ပြုကြလေပြီ။ သို့ရာတွင်ယခုငါ၏ ထံသို့ပြန်လာကြလော့။- Ver CapítuloGarrad Bible6 အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ့ တစ် ဘက်၌ ဖောက် ပြန်၍ ပုန် ကန် သူ တို့၊ ငါ့ ထံ သို့ ပြန် ဝင် ကြ လော့။ Ver CapítuloJudson Bible6 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အလွန် လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာကြလော့။ Ver Capítulo |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။