ဟေရှာယ 31:5 - မြန်မာ့စံမီသမ္မာကျမ်း5 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို ကာကွယ်တော်မူမည်။ ရစ်ဝဲနေသောငှက်ကဲ့သို့ ကာကွယ်၍ ကယ်နုတ်တော်မူမည်။ ချမ်းသာပေး၍ လွတ်မြောက်စေတော်မူမည်”ဟု ငါ့အား မိန့်တော်မူ၏။ Ver CapítuloCommon Language Bible5 ငှက်သည်မိမိအသိုက်ထက်တွင်ပျံဝဲကာ သားငယ်ကိုကာကွယ်စောင့်ရှောက်သကဲ့သို့၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ယေရုရှလင်မြို့ကိုကာကွယ်စောင့်ရှောက်၍ ရန်သူကိုခုခံတိုက်ခိုက်တော်မူမည်'' ဟု ငါ့အားမိန့်တော်မူပါ၏။ Ver CapítuloGarrad Bible5 ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ အ တောင် ဖြန့် မိုး သော ငှက် မ ကဲ့ သို့။ ယေ ရု ရှ လင် မြို့ ကို လွှမ်း အုပ် စောင့် ရှောက် ကယ် တင်၍၊ လွတ် မြောက် စေ တော် မူ လိမ့် မည်။ Ver CapítuloJudson Bible5 ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှလင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။ Ver Capítulo |
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။