ဟေရှာယ 26:21 - မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား ကြည့်ရှုလော့။ ထာဝရဘုရားသည် မြေကြီးသားတို့ကို အပြစ်ဒဏ်ပေးရန် ကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ အသတ်ခံရသောသူတို့ကို ထုတ်ပြမည်။ သတ်သောသူတို့ကိုလည်း ဝှက်ထားမည်မဟုတ်။ Ver CapítuloCommon Language Bible21 ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။ Ver CapítuloGarrad Bible21 ထာ ဝ ရ ဘု ရား သည်၊ မြေ ပေါ် တွင် ထိုင် နေ သူ တို့ အ ပြစ် ကို စီ ရင် တော် မူ ရန်၊ စံ ရာ မှ ထွက် ကြွ တော် မူ သည် ဖြစ်၍၊ မြေ ကြီး သည်၊ အ သေ သတ် ခြင်း ခံ ရ သူ တို့ ကို၊ ဆက် လက် ဝှက် ထား နိုင် ခွင့် မ ရ သည် နှင့်၊ စုတ် စို့ သော အ သွေး ကို ထုတ် ပြ ရ လိမ့် မည်။ Ver CapítuloJudson Bible21 အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးသားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှာ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသောအသွေးကို ဖော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တစ်ဖန် ဝှက်၍မထားရ။ Ver Capítulo |