Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 20:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အဆီးရီးယား​ဘုရင်​သာဂုန်​မင်းကြီး​စေလွှတ်​သော တာတန်​သည် အာဇုတ်​မြို့​သို့​လာ​ပြီး အာဇုတ်​မြို့​ကို​တိုက်ခိုက်​သိမ်းပိုက်​သော ထို​နှစ်​၊

Ver Capítulo Copiar

Common Language Bible

1 အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

Ver Capítulo Copiar

Garrad Bible

1 အာ ရှု ရိ ဘု ရင် သာ ဂုန် မင်း စေ လွှတ် သော တာ တန် ဘွဲ့ ခံ ဗိုလ် မင်း သည်၊ အာ ဇုတ် မြို့ ကို လုပ် ကြံ ရန် ချီ တက် လာ ရောက် သော နှစ် တွင်၊

Ver Capítulo Copiar

Judson Bible

1 အာ​ရှု​ရိ​ရှင်​ဘု​ရင် သာ​ဂုန်​စေ​လွှတ်​သော​ဗိုလ်​မင်း​တာ​တန်​သည် အာ​ဇုတ်​မြို့​သို့​စစ်​ချီ၍၊ ထို​မြို့​ကို လုပ်​ကြံ​သော​နှစ်​တွင်၊

Ver Capítulo Copiar




ဟေ​ရှာ​ယ 20:1
9 Referencias Cruzadas  

အဆီးရီးယား​ဘုရင်​သည် တာတန်​၊ ရာဗသာရိတ်​၊ ရာဗရှာခ​တို့​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ ချီ​သွား​ကြ​၏​။ သူ​တို့ ရောက်​သွား​သောအခါ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​ပြီး


သူ​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​ပြီး ဂါသ​မြို့ရိုး​၊ ယာဗနေ​မြို့ရိုး​၊ အာဇုတ်​မြို့ရိုး​တို့​ကို ဖြိုဖျက်​၏​။ အာဇုတ်​မြို့​ဝန်းကျင်​နှင့် ဖိလိတ္တိ​ပြည်​အတွင်း​ရှိ မြို့ရွာ​များ​ကို ပြန်လည်​တည်ဆောက်​၏​။


အို မြို့​တံခါး​၊ ညည်းတွားငိုကြွေး​လော့​။ အို မြို့​၊ အော်ဟစ်​လော့​။ မြောက်အရပ်​မှ​မီးခိုး​ထွက်လာ​၏​။ စစ်သည်​အလုံးအရင်း​တွင် တစ်ယောက်တည်း​ကွဲထွက်​သွား​သော​သူ​မ​ရှိ​။ ထို့ကြောင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​၏​။


အီဂျစ်​ပြည်​ရှိ​လူမျိုးခြား​များ​အားလုံး​၊ ဥဇ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ ဖိလိတ္တိ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ အာရှကေလုန်​ပြည်သား​များ​၊ ဂါဇ​ပြည်သား​များ​၊ ဧကြုန်​ပြည်သား​များ​၊ ကြွင်းကျန်​သော အာဇုတ်​ပြည်သား​များ​၊


အာဇုတ်​မြို့သား​များ​နှင့် အာရှကေလုန်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို ဖယ်ရှား​ပစ်​မည်​။ ကြွင်းကျန်ရစ်​သော​ဖိလိတ္တိ​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဧကြုန်​မြို့​ကို ငါ​ကိုယ်တိုင် ဖျက်ဆီး​ပစ်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ပိုင်နက်​ထဲတွင် အာနက​လူမျိုး တစ်ယောက်မျှ​မ​ကျန်​။ ဂါဇ​မြို့​၊ ဂါသ​မြို့​၊ အာဇုတ်​မြို့​တို့​၌​သာ အနည်းငယ်​ကျန်ရစ်​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သိမ်းယူ​၍ ဧဗနေဇာ​မြို့​မှ အာဇုတ်​မြို့​သို့​သယ်ဆောင်​သွား​ကြ​၏​။


ထာဝရဘုရား​ထံ အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ဖိလိတ္တိ​လူမျိုး​တို့ ပို့​လိုက်​သော ရွှေ​ပလိပ်နာဖု​အရုပ်​များ​မှာ အာဇုတ်​မြို့​အတွက် တစ်​ခု​၊ ဂါဇ​မြို့​အတွက် တစ်​ခု​၊ အာရှကေလုန်​မြို့​အတွက် တစ်​ခု​၊ ဂါသ​မြို့​အတွက် တစ်​ခု​၊ ဧကြုန်​မြို့​အတွက် တစ်​ခု​ဖြစ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos