ဟေရှာယ 19:25 - မြန်မာ့စံမီသမ္မာကျမ်း25 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။ Ver CapítuloCommon Language Bible25 အနန္တတန်ခိုးရှင်ထာဝရဘုရားကထို ပြည်တို့ကိုကောင်းချီးပေး၍``ငါ၏လူစု အီဂျစ်အမျိုးသားတို့၊ ငါဖန်ဆင်းထားသူ အာရှုရိအမျိုးသားတို့နှင့် ငါရွေးကောက် သောလူမျိုးတော်ဣသရေလအမျိုးသား တို့၊ သင်တို့အားငါကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။ Ver CapítuloJudson Bible25 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကလည်း၊ ငါ၏လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏အမွေဥစ္စာဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးပေးတော်မူလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်မဟုတ်။ သူတို့မွေးဖွားသောသားသမီးများ ဒုက္ခရောက်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံစားရသောအမျိုးအနွယ် ဖြစ်လိမ့်မည်။ သူတို့နှင့်အတူ သူတို့သားမြေးတို့လည်း ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။