Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 10:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ပုဆိန်​သည် သူ့​ကို​ကိုင်​သော​သူ​ထက် မိမိကိုယ်မိမိ​အမွှမ်းတင်​မည်လော​။ လွှ​သည် သူ့​ကို​အသုံးပြု​သော​သူ​ထက် မိမိကိုယ်မိမိ​ချီးမြှောက်​မည်လော​။ ကြိမ်လုံး​က ကိုင်မြှောက်​သော​သူ​ကို ပြန်​၍​လွှဲယမ်း​သကဲ့သို့​၊ တောင်ဝှေး​က သစ်သား​မ​ဟုတ်​သော​လူ​ကို ပြန်​၍​ကိုင်မြှောက်​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။

Ver Capítulo Copiar

Common Language Bible

15 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

15 ပု ဆိန် သည် ပေါက် သူ တစ် ဘက်၌ ဝါ ကြွား မည် လော။ လွှ လည်း တိုက် သူ တစ် ဘက်၌ ဝင့် ဝါ မည် လော။ ထို သို့ ဖြစ် ခဲ့ လျှင် လှံ တံ သည် ကိုင် သူ့ ကို လှုပ် နိုင် ရာ၏။ တုတ် လည်း သစ် ဝါး မ ဟုတ် သူ့ ကို ကိုင် မြှောက် နိုင် ရာ၏။

Ver Capítulo Copiar

Judson Bible

15 ကြိမ်​လုံး​သည် ကိုင်​သော​သူ​ကို လှုပ်​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ဝှေး​သည် မိ​မိ​သ​ခင်​ကို ချီ​ကြွ​သ​ကဲ့​သို့​လည်း​ကောင်း၊ ပု​ဆိန်​သည် ခုတ်​သော​သူ​ကို စော်​ကား​ရ​မည်​လော။ လွှ​သည် တိုက်​သော​သူ​ကို ရန်​ပြု၍​ထောင်​လွှား​ရ​မည်​လော။

Ver Capítulo Copiar




ဟေ​ရှာ​ယ 10:15
9 Referencias Cruzadas  

အဆီးရီးယား​လူမျိုး​သည် အမင်္ဂလာ​ရှိ​၏​။ ထို​လူမျိုး​သည် ငါ့​အမျက်​တော်​ကြိမ်လုံး​ဖြစ်​၏​။ သူ​တို့​ကိုင်ဆောင်​သော​တုတ်​သည် ငါ​၏​အမျက်​ဖြစ်​၏​။


သင်​တို့​သည် ကပြောင်းကပြန်​လုပ်​ကြ​ပါ​သည်​တကား​။ အိုးထိန်းသည်​ကို ရွှံ့စေး​ကဲ့သို့​မှတ်ယူ​သင့်​သလော​။ အပြုခံ​က ပြု​သူ​အား “​ဤ​သူ​သည် ငါ့​ကို​ပြုလုပ်​ခဲ့​သည်​မ​ဟုတ်​”​ဟု ဆို​သင့်​သလော​။ ဖန်ဆင်းခံ​က ဖန်ဆင်း​သူ​အား “​ဤ​သူ​သည် အသိဉာဏ်​မ​ရှိ​”​ဟု ဆို​သင့်​သလော​။


သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။


မိမိ​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​အား ရန်တွေ့​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​သည် မြေ​အိုးကွဲ​များ​ထဲမှ အိုးကွဲ​တစ်​ခု​သာ​ဖြစ်​၏​။ အိုးမြေ​က မိမိ​ကို​ပုံသွင်း​သော​သူ​အား ‘​မည်သည့်​အရာ​ကို သင်​ပြုလုပ်​နေ​သနည်း​။ သင်​ပြုလုပ်​ထား​သော​အရာ​၌ လက်​မ​ရှိ​ပါ​လား​’​ဟု ဆို​ရ​မည်လော​။


ထို​နေ့ရက်​၌ ဘုရားရှင်​သည် ယူဖရေးတီး​မြစ်​တစ်ဖက်​မှ အဆီးရီးယား​ဘုရင်​တည်းဟူသော သင်တုန်းဓား​ကို​ငှား​၍ ခေါင်း​နှင့်​ခြေ​မွေး​ကို ရိတ်​တော်မူ​လိမ့်မည်​။ မုတ်ဆိတ်​ကို​လည်း သုတ်သင်​တော်မူ​လိမ့်မည်​။


‘သင်​သည် သင့်​ကို​သတ်​သော​သူ​၏​ရှေ့မှောက်​တွင် ငါ​သည် ဘုရား​ဖြစ်​၏​ဟု ဆို​နိုင်​ဦး​မည်လော​။ စင်စစ် လူသတ်သမား​တို့​အဖို့ သင်​သည် ဘုရား​မ​ဟုတ်​။ လူသား​သာ​ဖြစ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos