ဟေရှာယ 10:14 - မြန်မာ့စံမီသမ္မာကျမ်း14 ငှက်သိုက်ကိုရယူနိုင်သကဲ့သို့ ငါ့လက်သည် လူမျိုးတို့၏ဥစ္စာပစ္စည်းကို ရယူနိုင်ပြီ။ စွန့်ပစ်ထားသောငှက်ဥတို့ကို ကောက်သိမ်းသကဲ့သို့ ငါသည် မြေတစ်ပြင်လုံးကို ကောက်သိမ်းပြီ။ တောင်ပံခတ်ခြင်း၊ နှုတ်ဟခြင်း၊ မြည်တွန်ခြင်း မရှိ”ဟု ဆို၏။ Ver CapítuloCommon Language Bible14 ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံတို့သည်ငှက်သိုက်နှင့် တူ၍ ငါသည်ထိုနိုင်ငံတို့၏စည်းစိမ်ဥစ္စာကို ငှက်ဥများသဖွယ်လွယ်ကူစွာသိမ်းယူခဲ့ လေပြီ။ အဘယ်သူမျှအတောင်ကိုမခတ်၊ ပါးစပ်ကိုမဟရဲကြဟုဝါကြွားလေ သည်။ Ver CapítuloGarrad Bible14 လူ မျိုး တို့၏ ဘ ဏ္ဍာ တိုက် များ ကို ငှက် သိုက် သ ဖွယ် လက် နှိုက် လျက်၊ စွန့် ခဲ့ သော ဥ များ ကို သိမ်း ယူ သည့် နည်း တူ မြေ တစ် ပြင် လုံး ကို ငါ သိမ်း ယူ ခဲ့ ရာ၊ အ တောင် ခတ် ခြင်း၊ နှုတ် သီး ဖွင့် ခြင်း၊ မြည် တွန် ခြင်း ကို မျှ မ ပြု ဝံ့ ကြ ဟု ကြိမ်း ပ လေ ၏။ Ver CapítuloJudson Bible14 ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကိုတွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာ ရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည်ဖြစ်၍၊ Ver Capítulo |