ဟောရှေ 10:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဧဖရိမ်အမျိုးသည် တလင်းနယ်ရာတွင် ကျင့်သားရသောနွားမတမ်းဖြစ်၏။ တလင်းနယ်ရသည်ကိုလည်းနှစ်သက်သဖြင့် ငါသည် ချောမွတ်သောသူ့လည်ပင်းပေါ်တွင် ထမ်းပိုးတင်မည်။ ငါသည် ဧဖရိမ်အမျိုးကို ထမ်းပိုးထမ်းစေမည်။ ယုဒအမျိုးကို လယ်ထွန်စေမည်။ ယာကုပ်အမျိုးကို ထယ်ထိုးစေမည်။” Ver CapítuloCommon Language Bible11 ``ယခင်ကဣသရေလအမျိုးသားတို့သည် ကျင့်သားရပြီး၍ စပါးနယ်ရန်အသင့်ရှိနေ သောနွားမတမ်းနှင့်တူ၏။ သို့ရာတွင်ငါသည် သူ၏လှပသောလည်ကုပ်တွင် ထမ်းပိုးတင်၍ အလုပ်ကြမ်းကိုလုပ်စေမည်။ ငါသည်ယုဒ အမျိုးသားတို့ကိုထွန်ယက်စေ၍ဣသ ရေလအမျိုးသားတို့ကိုထယ်ထိုးစေမည်။- Ver CapítuloGarrad Bible11 ဧ ဖ ရိမ် သည် စ ပါး နင်း နယ် လို သည့် တိုင် အောင်၊ သွန် သင် ခံ ရာ နွား မ တန်း ဖြစ် သော် လည်း၊ လှ ပ သော ကုပ်၌ ထမ်း ပိုး ကို တင် ၍ ငါ ရုန်း စေ မည်။ ယု ဒ သည် ထယ် ထိုး ခြင်း၊ ယာ ကုပ် လည်း ထွန် ယက် ခြင်း ကို ပြု ရ ကြ လ တ္တံ့။ Ver CapítuloJudson Bible11 ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းပိုးကို ထမ်းစေသဖြင့်၊ ဧဖရိမ်သည် ကခြင်းကိုခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကိုခွဲလျက် ရှိရလိမ့်မည်။ Ver Capítulo |
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤလူမျိုးအပေါင်းတို့၏ပခုံးပေါ်၌ သံထမ်းပိုးကို ငါတင်ပြီ။ သူတို့သည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စင်စစ်အစေခံရမည်။ တောရိုင်းတိရစ္ဆာန်များကိုလည်း သူ့အား ငါပေးအပ်လေပြီ’ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့”ဟု မိန့်ဆို၏။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”