သူကြီး 6:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ကိုယ်ထင်ရှားပြ၍ သူ့အား “ရဲစွမ်းသတ္တိရှိသောစစ်သူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏”ဟု ဆို၏။ Ver CapítuloCommon Language Bible12 ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။ Ver CapítuloGarrad Bible12 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် ထင် ရှား ၍ အို စစ် ခေါင်း မာ သူ၊ သင် နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် ဟု ဆို လျှင်၊ Ver CapítuloJudson Bible12 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟုဆိုလျှင်၊ Ver Capítulo |
ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။