သူကြီး 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။ Ver CapítuloCommon Language Bible12 ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။- Ver CapítuloGarrad Bible12 တစ် ဖန် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့် မော ဘ ဘု ရင် ဧ ဂ လုန် မင်း ကို ဣ သ ရေ လ လူ မျိုး တို့ တစ် ဘက် တွင် အား တိုး တက် စေ တော် မူ ၍ Ver CapítuloJudson Bible12 တစ်ဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ မောဘရှင်ဘုရင်ဧဂလုန်ကို ဣသရေလအမျိုးတစ်ဖက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။ Ver Capítulo |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် သင်တို့၏ဘိုးဘေးတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့ကြသဖြင့် ကိုယ်တော်သည် သူတို့ကို ဟာဇော်စစ်သူကြီးသိသရ၏လက်သို့လည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်တို့လက်သို့လည်းကောင်း အပ်လိုက်တော်မူ၏။ ထိုသူတို့သည်လည်း ဘိုးဘေးတို့ကို တိုက်ခိုက်လေ၏။