သူကြီး 19:1 - မြန်မာ့စံမီသမ္မာကျမ်း1 အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။ Ver CapítuloCommon Language Bible1 ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။- Ver CapítuloGarrad Bible1 ဣ သ ရေ လ လူ မျိုး တွင် ဘု ရင် မ ရှိ သေး သည့် ကာ လ၊ ဧ ဖ ရိမ် ခင် တန်း အ စွန်း အ ဖျား တွင် တည်း ခို သော လေ ဝိ ဂိုဏ်း သား တစ် ယောက် သည် ယု ဒ နယ်၊ ဗက် လင် မြို့ သူ အ ပျော် မ ယား တစ် ယောက် ကို သိမ်း ယူ လေ ၏။ Ver CapítuloJudson Bible1 ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတစ်ယောက်သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတစ်ယောက်ကို သိမ်းယူ၏။ Ver Capítulo |
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။