သူကြီး 12:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့က “ရှိဗောလက်”ဟု ဆိုခိုင်းသည်ကို ထိုသူက အသံထွက်မမှန်ဘဲ “သိဗောလက်”ဟု အသံထွက်မိလျှင် သူ့ကိုဖမ်း၍ ဂျော်ဒန်မြစ်ရေတိမ်ပိုင်း၌ပင် သတ်ပစ်၏။ ထိုစဉ်က ဧဖရိမ်အမျိုးသားတို့ လေးသောင်းနှစ်ထောင် ကျဆုံးလေ၏။ Ver CapítuloCommon Language Bible6 ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။ Ver CapítuloGarrad Bible6 မ ဟုတ် ပါ ဆို လျှင် ဆိ ဗော လက် ဟူ၍ ဆို စမ်း လော့ ဟု အ မိန့် ပေး ကြ သော်၊ စ ကား မ ပြီ သ၍ စိ ဗော လက် ဟု လိုက် ဆို သည် နှင့် ဖမ်း ဆီး လျက် ယော် ဒန် မြစ် ကူး ဆိပ် တွင် သတ် ကြ၏။ ထို အ ခါ ဧ ဖ ရိမ့် အ နွယ် လေး သောင်း နှစ် ထောင် ကျ ဆုံး ကြ ကုန် ၏။ Ver CapítuloJudson Bible6 သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဖမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ်၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင်သေကြ၏။ Ver Capítulo |
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်