Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 30:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 အကြောင်းမူကား နို့​ကို​မွှေ​လျှင် ထောပတ်​ကို​ရ​၍ နှာခေါင်း​ကို​ဆွဲလိမ်​လျှင် သွေး​ထွက်​တတ်​သကဲ့သို့ ဒေါသ​ကို​မွှေ​လျှင် ခိုက်ရန်​ဖြစ်ပွား​တတ်​၏​။

Ver Capítulo Copiar

Common Language Bible

33 အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။

Ver Capítulo Copiar

Garrad Bible

33 နို့ ရည် ကို မွှေ လျှင် နို့ ဓမ်း ရ၏။ နှာ ခေါင်း ကို မွေ့ လျှင် အ သွေး ထွက်၏။ ဒေါ သ ကို မွှေ လျှင် ရန် ဖြစ် တတ်၏။

Ver Capítulo Copiar

Judson Bible

33 အ​ကယ်​စင်​စစ် နို့​ကို​မွှေ​လျှင် ထော​ပတ်​ထွက်​တတ်၏။ နှာ​ခေါင်း​ကို​ဆွဲ​လိမ်​လျှင် အ​သွေး​ထွက်​တတ်၏။ ထို​နည်း​တူ၊ ဒေါ​သ​ကို​နှိုး​ဆော်​လျှင် ခိုက်​ရန်​ထွက်​တတ်၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 30:33
9 Referencias Cruzadas  

ထို့နောက်တွင် အာဗြဟံ​သည် ထောပတ်​နှင့်​နို့​ကို​လည်းကောင်း​၊ ချက်ပြုတ်​ထား​သော​အမဲဟင်း​ကို​လည်းကောင်း ယူ​၍ သူ​တို့​ရှေ့​၌​ချပေး​လေ​၏​။ သူ​တို့​စား​နေ​ကြ​စဉ် အာဗြဟံ​သည် သူ​တို့​အနား သစ်ပင်​အောက်​တွင် ရပ်​နေ​၏​။


မုန်းတီး​ခြင်း​သည် အငြင်းပွားမှု​များ​ဖြစ်​စေရန် လှုံ့ဆော်​တတ်​၏​။ ချစ်ခြင်းမေတ္တာ​မူကား ကျူးလွန်​သော​အပြစ်​ရှိသမျှ​ကို ဖုံးအုပ်​တတ်​၏​။


ဒေါသကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန်​လှုံ့ဆော်​တတ်​၏​။ စိတ်ရှည်​သော​သူ​မူကား ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ငြိမ်း​စေ​တတ်​၏​။


ဖောက်ပြန်လွဲမှား​သော​သူ​သည် အငြင်းပွားမှု​ကို​ဖြစ်ပွား​စေ​တတ်​၏​။ အတင်းအဖျင်း​ပြောဆို​သော​သူ​သည်​လည်း အပေါင်းအဖော်​ကို​ကွဲပြား​စေ​တတ်​၏​။


အငြင်းပွားမှု​၏​အစ​သည် ရေ​ပေါက်ထွက်​ခါစကဲ့သို့​ဖြစ်​သောကြောင့် ခိုက်ရန်​မ​ဖြစ်ပွား​မီ အငြင်းပွားမှု​ကို​ရပ်စဲ​လော့​။


မီးသွေး​သည် မီးခဲရှိန်​ကို​လည်းကောင်း​၊ ထင်း​သည် မီးရှိန်​ကို​လည်းကောင်း လှုံ့ဆော်​သကဲ့သို့ ငြင်းခုံ​ရန်တွေ့​တတ်​သော​သူ​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို လှုံ့ဆော်​တတ်​၏​။


လောဘကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်​ရန်​လှုံ့ဆော်​တတ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား ပြည့်စုံကြွယ်ဝ​လိမ့်မည်​။


စိတ်တို​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန် လှုံ့ဆော်​တတ်​၏​။ ဒေါသကြီး​သော​သူ​သည်​လည်း အပြစ်​များစွာ​ကျူးလွန်​တတ်​၏​။


လေမွေလ​မင်းကြီး​၏​စကား​များ​။ သူ​၏​မယ်တော်​က သူ့​ကို​သွန်သင်​သော​ဩဝါဒ​စကား​မှာ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos