Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 2:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ဖြောင့်မှန်​သော​သူ​တို့​သည် ပြည်​တော်​၌​နေထိုင်​ရ​၍ အပြစ်တင်စရာမရှိ​သော​သူ​တို့​သည် ထို​ပြည်​၌​မြဲ​ကြ​လိမ့်မည်​။

Ver Capítulo Copiar

Common Language Bible

21 ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။

Ver Capítulo Copiar

Garrad Bible

21 ဖြောင့် မှန် သော သူ တို့ သည်၊ နေ ပြည် တွင် တည် လျက်၊ စုံ လင် သူ တို့ လည်း၊ မြဲ ကြ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

21 ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်၌​နေ၍၊ စုံ​လင်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။

Ver Capítulo Copiar




သုတ္တံကျမ်း။ 2:21
12 Referencias Cruzadas  

ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။


ယောဘ​၏​ဘဝ​အစပိုင်း​ထက် နောက်ပိုင်း​ကို ထာဝရဘုရား ပို၍​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၌ သိုး တစ်သောင်းလေးထောင်​၊ ကုလားအုတ် ခြောက်​ထောင်​၊ နွား​အရှဉ်း တစ်ထောင်​၊ မြည်းမ တစ်ထောင် ရှိ​လေ​၏​။


စိတ်နှိမ့်ချ​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ကြွယ်ဝ​သော​ငြိမ်းချမ်း​ခြင်း​၌ မွေ့လျော်​ရ​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် အပြစ်တင်စရာမရှိ​သော​သူ​တို့​၏ နေ့ရက်​များ​ကို​သိ​တော်မူ​၏​။ သူ​တို့​၏​အမွေ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


အကြောင်းမူကား ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​ကို ခံစား​ရ​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ကိုယ်တော်​၏​ကျိန်​ခြင်း​ကို​ခံရ​သော​သူ​တို့​မူကား ဖယ်ရှား​ခြင်း​ခံရ​ကြ​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ၎င်း​တွင် ထာဝစဉ်​နေထိုင်​ရ​ကြ​လိမ့်မည်​။


ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​လျက် ကောင်း​သော​အမှု​ကို​ပြု​လော့​။ ပြည်​တော်​၌​နေထိုင်​၍ သစ္စာတရား​၌​ကျက်စား​လော့​။


အကြောင်းမူကား ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​စောင့်မျှော်​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


အကြောင်းမူကား ဘုရားသခင်​ထာဝရဘုရား​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူး​တော်​နှင့်​ဘုန်းအသရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


ဖြောင့်မတ်​သော​သူ​သည် မည်သည့်​အခါ​မျှ​မ​ရွေ့​ရာ​။ ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​၌ နေထိုင်​ရ​လိမ့်မည်​မ​ဟုတ်​။


ဖြောင့်မှန်​သော​သူ​ကို မကောင်း​သော​လမ်း​ထဲသို့ လမ်းလွဲ​စေ​သော​သူ​သည် မိမိ​၏​တွင်း​ထဲသို့ မိမိကိုယ်တိုင်​ကျ​လိမ့်မည်​။ အပြစ်တင်စရာမရှိ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos