Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 2:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သို့ဖြစ်၍ သင်​သည် သူတော်ကောင်း​တို့​၏​လမ်း​ကို​လိုက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​လမ်းစဉ်​တို့​ကို စောင့်ထိန်း​ရ​မည်​။

Ver Capítulo Copiar

Common Language Bible

20 သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။

Ver Capítulo Copiar

Garrad Bible

20 သင် သည် သူ တော် ကောင်း တို့ လမ်း သို့ လိုက် ၍၊ ဖြောင့် မတ် သူ တို့ အ လေ့ အ လာ များ ကို စောင့် ရှောက် ရ လိမ့် မည်။

Ver Capítulo Copiar

Judson Bible

20 သင်​သည် သူ​တော်​ကောင်း​တို့၏ လမ်း​သို့​လျှောက်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏ လမ်း​ခ​ရီး​ထဲ​က​မ​ထွက်​ဘဲ အ​စဉ်​တ​စိုက် လိုက်​ရ​မည်​အ​ကြောင်း​တည်း။

Ver Capítulo Copiar




သုတ္တံကျမ်း။ 2:20
10 Referencias Cruzadas  

ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။ ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။


အကျွန်ုပ်​သည် ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​သော​သူ​ရှိသမျှ​တို့​၏ အပေါင်းအဖော်​ဖြစ်​ပါ​၏​။


ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။


ငါ​သည် သင့်​အား ဉာဏ်ပညာ​လမ်း​ကို သွန်သင်ပြသ​၍ ဖြောင့်မှန်​သော​လမ်း​များ​ထဲ၌ သင့်​ကို​ဦးဆောင်​လမ်းပြ​ခဲ့​ပြီ​။


သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။


ငါ​သည် ဖြောင့်မတ်​ခြင်း​လမ်း​၊ တရားမျှတ​ခြင်း​လမ်း​၏​အလယ်​၌ လျှောက်သွား​၍


ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။


ဤသည်ကား သင်​တို့​သည် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​အားဖြင့် ကတိ​တော်​ကို​အမွေ​ဆက်ခံ​သော​သူ​တို့​အား အတုယူ​သူ​များ​ဖြစ်​ကြ​မည့်​အကြောင်း​တည်း။


ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos