ဝတ်ပြု 27:30 - မြန်မာ့စံမီသမ္မာကျမ်း30 မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ Ver CapítuloCommon Language Bible30 မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။- Ver CapítuloGarrad Bible30 အ သီး အ နှံ ဖြစ် စေ၊ သစ် သီး ဖြစ် စေ၊ မြေ ထွက် ဟူ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ ထာ ဝ ရ ဘု ရား ပိုင် တော် မူ ရာ ဖြစ်၏။ Ver CapítuloJudson Bible30 စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့သန့်ရှင်းရမည်။ Ver Capítulo |
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။
သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။