ဝတ်ပြု 24:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုမုန့်တို့ကို ထာဝရဘုရားရှေ့တော်၊ ရွှေစင်ဖြင့်မွမ်းမံသောစားပွဲပေါ်တွင် တစ်ပုံကိုခြောက်ခုစီဆင့်၍ နှစ်ပုံ ပုံထားရမည်။ Ver CapítuloCommon Language Bible6 ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။- Ver CapítuloGarrad Bible6 ထာ ဝ ရ ဘု ရား ရှေ့ ရွှေ စင် စား ပွဲ တော် ပေါ် တွင် တစ် ပုံ လျှင် ခြောက် လုံး ကျ နှစ် ပုံ တင် ထား လျက်၊ Ver CapítuloJudson Bible6 ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကိုထပ်ဆင့်၍၊ တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။ Ver Capítulo |
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။