ဝတ်ပြု 24:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။ Ver CapítuloCommon Language Bible5 မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။- Ver CapítuloGarrad Bible5 သင် သည် မုန့် ညက် ကို ယူ၍ တစ် လုံး လျှင် နှစ် စ ရွတ် ကျ မုန့် ပေါက် ဆယ့် နှစ် လုံး ကို ပေါင်း လုပ် ပြီး လျှင်၊ Ver CapítuloJudson Bible5 သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တစ်လုံးလျှင် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊ Ver Capítulo |
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။