ဝတ်ပြု 15:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထိုသူ၏အိပ်ရာကို ထိမိသောသူတိုင်း မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။ Ver CapítuloCommon Language Bible5 တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊- Ver CapítuloGarrad Bible5 ရေ ချိုး ခြင်း ပြု၍ ညဉ့် ဦး တိုင် မ သန့် လျက် နေ စေ။ Ver CapítuloJudson Bible5-8 သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊ သူ၏ကိုယ်ကိုထိသောသူ၊ သူ၏တံတွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ Ver Capítulo |
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ယားနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိ၊ အရေပြားအောက်ရောက်နေဟန်လည်း မရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ သူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ထိုသူကို နောက်တစ်ဖန်ကြည့်ရှုစစ်ဆေးရမည်။ အနာသည် ပါးသွား၍ အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် ပွေးဝဲယားနာဖြစ်၏။ ထိုသူသည် မိမိ၏အဝတ်ကို လျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။