လုကာ 4:8 - မြန်မာ့စံမီသမ္မာကျမ်း8 ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible8 သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။ Ver CapítuloGarrad Bible8 ယေ ရှု က၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ ၏။ Ver CapítuloJudson Bible8 ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 ယေရှုကလည်း “ကျမ်းစာ၌ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ8 ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ Ver Capítulo |
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။