လုကာ 4:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့ဖြစ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးသည် သင့်ဥစ္စာဖြစ်လိမ့်မည်”ဟု လျှောက်လေ၏။ Ver CapítuloCommon Language Bible7 သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားဦးညွှတ် ရှိခိုးလျှင် ဤတန်ခိုးအာဏာအလုံးစုံတို့ ကိုကိုယ်တော်အားပေးမည်'' ဟုလျှောက်၏။ Ver CapítuloGarrad Bible7 ကိုယ် တော် သည် ငါ့ ရှေ့ ရှိ ခိုး လျှင် အ လုံး စုံ ကို အ ပိုင် ရ မည် ဟု လျှောက် သော်၊ Ver CapítuloJudson Bible7 ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 ထို့ကြောင့် သင်သည် ငါ့ကို ကိုးကွယ်လျှင် ဤအရာရှိသမျှကို သင့်အား ငါပေးမည်” ဟု လျှောက်လေ၏။ Ver Capítuloမြန်မာ7 ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက်လေ၏။- Ver Capítulo |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။