ရှင်ယောဟန် 9:41 - မြန်မာ့စံမီသမ္မာကျမ်း41 ယေရှုကလည်း“သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိခဲ့မည်မဟုတ်။ သို့ရာတွင် ‘ငါတို့မြင်သည်’ဟု သင်တို့ယခုဆိုနေကြသဖြင့် သင်တို့၏အပြစ်သည် တည်မြဲတည်၏။ Ver CapítuloCommon Language Bible41 သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible41 ယေရှုက၊ သင်တို့ကန်းလျှင် အပြစ်သင့်မည်မဟုတ်။ ယခုမူကား မြင်သည်ဟုဆိုကြသည်နှင့် သင်တို့၌အပြစ်တည်၏။ Ver CapítuloJudson Bible41 ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း41 ယေရှုက သူတို့အား “သင်တို့သည် မျက်မမြင်ဖြစ်ပါက အပြစ်မရှိ။ သို့သော် သင်တို့က ‘ငါတို့သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့တွင် အပြစ်ရှိနေသေးသည်” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ41 ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခု ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။ Ver Capítulo |
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။