Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်ယောဟန် 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သိုး​ခြံ​ထဲသို့ တံခါးပေါက်​မှ​မ​ဝင်​ဘဲ အခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်​၏။

Ver Capítulo Copiar

Common Language Bible

1 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။-

Ver Capítulo Copiar

Garrad Bible

1 ငါဧကန်အမှန်ဆိုပြန်သည်ကား သိုးခြံထဲသို့တံခါးပေါက်ဖြင့်မဝင်၊ အခြားဖြင့်ကျော်ဝင်သူသည် သူခိုး၊ ဓားပြဖြစ်၏။

Ver Capítulo Copiar

Judson Bible

1 ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 “သင်တို့​အား ငါ​အမှန်​ဆို၏။ သိုးခြံ​ထဲသို့ ဝင်းတံခါး​မှ မဝင်ဘဲ ခြံ​ကို​ကျော်​၍ ဝင်သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်၏။

Ver Capítulo Copiar

မြန်မာ

1 ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။-

Ver Capítulo Copiar




ရှင်ယောဟန် 10:1
28 Referencias Cruzadas  

ထို့ကြောင့် ထာဝရဘုရား​က ထို​ပရောဖက်​တို့​သည် ငါ​မ​စေလွှတ်​ဘဲ ငါ့​နာမ​ဖြင့် ‘​ဤ​ပြည်​၌ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ရှိ​’​ဟု ပရောဖက်ပြု​ဟောပြော​ကြ​သောကြောင့် သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဆုံး​စေ​မည်​။


“​ထို​ပရောဖက်​တို့​ကို ငါ​မ​စေလွှတ်​သော်လည်း သူ​တို့​အပြေးအလွှား​သွား​ကြ​ပြီ​။ ငါ​မ​မိန့်မှာ​သော်လည်း သူ​တို့​သဘော​နှင့်​သူ​တို့ ဟောပြော​ကြ​ပြီ​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ မဟုတ်မမှန်​သော​အိပ်မက်​ကို ပရောဖက်ပြု​ဟောပြော​၍ လိမ်လည်​ကြွားဝါ​ခြင်း​ဖြင့် ငါ​၏​လူမျိုး​တော်​အား လမ်းလွဲ​စေ​သော ပရောဖက်​တို့​ကို ငါ​စီရင်​မည်​။ သူ​တို့​ကို​ငါ​မ​စေလွှတ်​၊ ငါ​မ​မိန့်မှာ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို ဘာမျှ​အကျိုး​မ​ပြု​သော​သူ​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် မြို့​ထဲတွင် ကဆုန်ပေါက်​နေ​ကြ​၏​။ မြို့ရိုး​ပေါ်တွင် ပြေးလွှား​နေ​ကြ​၏​။ သူခိုး​ကဲ့သို့​ပြတင်းပေါက်​ကို ကျော်​ပြီး အိမ်​ပေါ်သို့​တက်​ကြ​၏​။


ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။


ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။


ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


စေလွှတ်​ခြင်း​မ​ခံရ​လျှင် မည်သို့​ဟောပြော​နိုင်​မည်နည်း။ “ကောင်းမြတ်​ခြင်း​နှင့်ဆိုင်သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ဟောပြော​သော​သူ​များ​၏​ခြေ​တို့​သည် အလွန်​တင့်တယ်​စွ​တကား”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။


ထို​သူ​တို့​ကို နှုတ်ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မစင်ကြယ်​သော​အကျိုးစီးပွား​အတွက် မ​သွန်သင်​အပ်​သော​အရာ​များ​ကို​သွန်သင်​လျက် မိသားစု​များ​ကို အစု​လိုက်​ချွတ်ချော်​လွဲမှား​စေ​ကြ​၏။


ထို့ပြင် ဤ​ဂုဏ်သရေ​ရှိ​သော​အရိုက်အရာ​ကို မည်သူမျှ မိမိ​ကိုယ်တိုင်​ခံယူ​ရရှိ​နိုင်​သည်​မ​ဟုတ်။ အာရုန်​ကဲ့သို့ ဘုရားသခင်​၏​ခေါ်ယူ​တော်မူ​ခြင်း​အားဖြင့်​သာ​ခံယူ​ရရှိ​နိုင်​၏။


သင်​တို့​ခံစားရ​မည့်​ကျေးဇူး​တော်​နှင့်​ပတ်သက်၍ ဟောပြော​ခဲ့​သည့်​ပရောဖက်​တို့​သည် ထို​ကယ်တင်​ခြင်း​အကြောင်း​ကို ရှာဖွေ​စူးစမ်း​ခဲ့​ကြ​၏။


သို့သော် ပရောဖက်​အတုအယောင်​များ​သည် လူမျိုး​တော်​ထဲ၌​ပေါ်လာ​ကြ​သကဲ့သို့ သင်​တို့​ထဲ၌​လည်း ဆရာ​အတုအယောင်​များ​ပေါ်လာ​ကြ​လိမ့်မည်။ ထို​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​စေ​သည့် မှားယွင်း​သော​အယူဝါဒ​များ​ကို လျှို့ဝှက်​စွာ​ယူဆောင်​လာ​၍ မိမိ​တို့​ကို ရွေးနုတ်​ဝယ်ယူ​သော​သခင်​ကို​ပင် ငြင်းပယ်​ကာ မိမိ​တို့​အပေါ် လျင်မြန်​သော​ပျက်စီး​ခြင်း​ကို ကျရောက်​စေ​ကြ​လိမ့်မည်။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos