ရှင်ယောဟန် 9:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုအခါ ဖာရိရှဲအချို့တို့က “ဤသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှလာသောသူမဟုတ်”ဟု ဆိုကြ၏။ သို့သော် အချို့တို့က “အပြစ်သားဖြစ်သောသူတစ်ဦးသည် ဤသို့သောနိမိတ်လက္ခဏာများကို မည်သို့ပြုနိုင်မည်နည်း”ဟု ဆိုကြသဖြင့် သူတို့ထဲတွင်ကွဲပြားခြင်းရှိ၏။ Ver CapítuloCommon Language Bible16 အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။ Ver CapítuloGarrad Bible16 ထိုအခါဖာရိရှဲအချို့က ဤသူသည်ဥပုသ်နေ့ကိုမစောင့်သောကြောင့် ဘုရားသခင့်အထံတော်မှ မဟုတ်ဟူ၍လည်းကောင်း၊ အချို့က အပြစ်သားဖြစ်သူသည် ဤသို့သောနိမိတ်လက္ခဏာများကို အသို့ပြုနိုင်သနည်းဟူ၍လည်းကောင်း ဆိုလျက်ကွဲပြားကြသည်ဖြစ်၍၊ Ver CapítuloJudson Bible16 ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထို့ကြောင့် ဖာရိရှဲတချို့က “သူသည် ဥပုသ်နေ့တွင် အလုပ်လုပ်သောကြောင့် ဘုရားသခင်ထံတော်မှ လာသောသူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့က “သာမန်လူ အပြစ်သားတစ်ဦးသည် ထိုကဲ့သို့သော နိမိတ်လက္ခဏာကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း သဘောထားကွဲလွဲကြ၏။ Ver Capítuloမြန်မာ16 ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။- Ver Capítulo |