ရှင်ယောဟန် 7:39 - မြန်မာ့စံမီသမ္မာကျမ်း39 ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။ Ver CapítuloCommon Language Bible39 သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။ Ver CapítuloGarrad Bible39 ယေရှု၌ဘုန်းထင်ရှားတော်မမူသေးသောကြောင့် ဝိညာဉ်တော်ဆုကျေးဇူးကိုမခံကြရ သေးသည့်အလျောက် ကိုယ်တော်ကိုယုံကြည်သူတို့ရမည့်ဝိညာဉ်တော်ကိုရည်ဆောင်၍ ထိုသို့မိန့်တော်မူသတည်း။ Ver CapítuloJudson Bible39 ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း39 ယေရှုမိန့်တော်မူသော အသက်စမ်းရေသည် ယုံကြည်သောသူတို့ လက်ခံရရှိမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့အပေါ် သက်ရောက်စေတော်မမူသေးပေ။ Ver Capítuloမြန်မာ39 ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။ Ver Capítulo |
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။