Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်ယောဟန် 6:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

Ver Capítulo Copiar

Common Language Bible

2 သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

2 သူနာတို့တွင်ပြတော်မူသော နိမိတ်လက္ခဏာများကိုမြင်ခဲ့သောကြောင့် ကြီးစွာသောလူပရိသတ်သည် နောက်တော်သို့လိုက်သွားကြ၏။

Ver Capítulo Copiar

Judson Bible

2 အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 လူအုပ်ကြီး​သည် ဖျားနာသော​သူများ​အပေါ် ယေရှု​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို တွေ့မြင်ခဲ့ကြ​သဖြင့် နောက်တော်​သို့ လိုက်ကြ၏။

Ver Capítulo Copiar

မြန်မာ

2 အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

Ver Capítulo Copiar




ရှင်ယောဟန် 6:2
19 Referencias Cruzadas  

ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင်


များစွာ​သော​လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ကမ်း​ပေါ်တွင် ရပ်​နေ​ကြ​၏။


ကိုယ်တော်​သည် လှေ​မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ မ​ကျန်းမာ​သော​သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ယေရှု​သည် တောင်​ပေါ်မှ ကြွဆင်း​လာ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။


သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။


သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရားလွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။


လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​ခြင်း​မှာ ဤသို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​လည်း​ဖြစ်​၏။


ယေရှု​သည် ဤမျှလောက်​များပြား​သော နိမိတ်​လက္ခဏာ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြု​တော်မူ​သော်လည်း သူ​တို့​သည် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​ပေ။


ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။


ပသခါ​ပွဲတော်​အတောအတွင်း ဂျေရုဆလင်​မြို့​၌ ယေရှု​ရှိ​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​တို့​ကို မြင်​ရ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​ကြ​၏။


ယေရှု​သည် ဤ​ကျမ်း​၌​ရေး​၍​မ​ထား​သော အခြား​နိမိတ်​လက္ခဏာ​များစွာ​တို့​ကို​လည်း တပည့်​တော်​တို့​ရှေ့မှောက်​တွင် ပြု​တော်မူ​၏။


သူ​သည် ည​အခါ ယေရှု​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​သော​ဆရာ​ဖြစ်​ကြောင်း​ကို အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​အတူ​ပါရှိ​တော်​မ​မူ​လျှင် ကိုယ်တော်​ပြု​နေ​သော ဤ​နိမိတ်​လက္ခဏာ​များ​ကို မည်သူမျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။


လူ​တို့​သည် ယေရှု​ပြု​တော်မူ​သော ထို​နိမိတ်​လက္ခဏာ​ကို​မြင်​၍ “ဤ​သူ​သည် အမှန်ပင် ဤ​လောက​သို့​ကြွလာ​ရ​မည့် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။


နောက်တစ်နေ့​၌ ပင်လယ်​တစ်ဖက်ကမ်း​တွင် နေရစ်​သော​လူထု​ပရိသတ်​သည် ထို​အရပ်​၌ လှေ​ငယ်​တစ်​စင်း​မှလွဲ၍ အခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်းကောင်း၊ ထို​လှေ​၌ ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ​မ​လိုက်​မ​ပါ​ဘဲ တပည့်​တော်​တို့​သာ ထွက်သွား​ခဲ့​ကြောင်း​ကို​လည်းကောင်း သတိပြု​မိ​ကြ​၏။


ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိမိတ်​လက္ခဏာ​များ​ကို​မြင်​ရ​သောကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သောကြောင့်​သာ​ဖြစ်​၏။


သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos