ရှင်ယောဟန် 3:8 - မြန်မာ့စံမီသမ္မာကျမ်း8 လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။ Ver CapítuloCommon Language Bible8 လေသည်မိမိတိုက်လိုရာသို့တိုက်တတ်၏။ လေ၏ အသံကိုကြားရသော်လည်းအဘယ်အရပ်မှ တိုက်လာသည်ကိုသော်လည်းကောင်း၊ အဘယ်အရပ် သို့တိုက်လိမ့်မည်ကိုသော်လည်းကောင်းမသိနိုင်။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူတိုင်းသည် လည်း ဤနည်းတူပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible8 လေတိုက်သံကို သင်ကြားရသော်လည်း၊ မည်သည့်အရပ်ကလာလျက်၊ မည်သည့်အရပ်သို့သွားသည်ကိုသင်မသိဘဲ တိုက်လိုရာတိုက်သည့်နည်းတူ၊ ဝိညာဉ်တော် အားဖြင့်ဖွားသူတိုင်းဖြစ်သည်ဟု မိန့်တော်မူပြန်၏။ Ver CapítuloJudson Bible8 လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 လေသည် လိုရာအတိုင်း တိုက်တတ်၏။ သင်သည် လေသံကို ကြားရသော်လည်း မည်သည့်အရပ်က တိုက်လာသည်၊ မည်သည့်အရပ်သို့တိုက်လိမ့်မည်ကို မသိ။ ထိုနည်းတူ ဝိညာဉ်တော်အားဖြင့် လူတို့ကို မည်ကဲ့သို့ မွေးဖွားကြောင်း သင်မသိနိုင်” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ8 လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ Ver Capítulo |