ရှင်ယောဟန် 20:19 - မြန်မာ့စံမီသမ္မာကျမ်း19 ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကိုကြောက်သဖြင့် မိမိတို့ရှိရာနေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible19 တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible19 ခုနစ်ရက်တွင် ထိုပဌမနေ့ညဉ့်ဦးယံအချိန်၌ တပည့်တော်တို့သည်ယုဒလူမျိုးတို့ကိုကြောက်ရွံ့သဖြင့် တံခါးပိတ်လျက်နေကြရာ ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မိန့်တော်မူပြီးလျှင်၊ Ver CapítuloJudson Bible19 ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ Ver Capítuloမြန်မာ19 ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- Ver Capítulo |