ရှင်ယောဟန် 20:17 - မြန်မာ့စံမီသမ္မာကျမ်း17 ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible17 သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible17 ယေရှုကလည်း ငါ့ကိုမကိုင်နှင့်ဦး။ ခမည်းတော်ထံသို့ငါမတက်သေး။ ငါသည် ငါ့အဘနှင့်သင်တို့အဘ၊ ငါ့ဘုရားနှင့် သင်တို့ဘုရားအထံတော်သို့ တက်သွားတော့မည်ဟူ၍ ငါ့ညီများထံသွားရောက်ကြားပြောလော့ဟုမိန့် တော်မူသည့်အတိုင်း၊ Ver CapítuloJudson Bible17 ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ17 ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊- Ver Capítulo |
သို့သော် သူတို့က “ငါတို့ ဤသို့ မပြုသင့်။ ဤနေ့၌ သတင်းကောင်းရှိနေလျက်ပင် ငါတို့မပြောဘဲ နံနက်မိုးလင်းချိန်အထိစောင့်၍ တိတ်ဆိတ်နေမည်ဆိုလျှင် ငါတို့အပြစ် ဖြစ်တော့မည်။ ထို့ကြောင့် ယခု ငါတို့ ဘုရင့်နန်းတော်သို့သွား၍ ဤအကြောင်းကို သွားပြောကြစို့”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် အလျင်အမြန်သွား၍ တပည့်တော်တို့အား ‘ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီ။ ကြည့်ရှုလော့။ ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့။ သင်တို့အား ယခု ငါပြောပြီ”ဟု မြွက်ဆိုလေ၏။
အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။