ရှင်ယောဟန် 16:5 - မြန်မာ့စံမီသမ္မာကျမ်း5 ယခုမူကား ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားတော့မည်။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ‘ကိုယ်တော်သည် မည်သည့်အရပ်သို့ သွားမည်နည်း’ဟု ငါ့အား မမေးကြ။ Ver CapítuloCommon Language Bible5 ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။- Ver CapítuloGarrad Bible5 ယခုမူကား စေလွှတ်တော်မူလိုက်သောအရှင့်ထံ ငါသွားတော့မည်။ မည်သည့်အရပ်သို့သွားမည်နည်းဟု သင်တို့အနက်တစ်ယောက်မျှမမေးဘဲ၊ Ver CapítuloJudson Bible5 ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 ယခုမှာမူ ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ‘အဘယ်အရပ်သို့ သွားမည်နည်း’ ဟု သင်တို့မမေးကြ။ Ver Capítuloမြန်မာ5 ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။- Ver Capítulo |
ထိုအခါ တပည့်တော်အချို့တို့သည် “‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ဟူ၍လည်းကောင်း၊‘ငါသည် ခမည်းတော်ထံသို့ သွားတော့မည်’ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောဤစကားမှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။