ရှင်ယောဟန် 16:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ယခုမှာမူ ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ‘အဘယ်အရပ်သို့ သွားမည်နည်း’ ဟု သင်တို့မမေးကြ။ Ver CapítuloCommon Language Bible5 ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။- Ver CapítuloGarrad Bible5 ယခုမူကား စေလွှတ်တော်မူလိုက်သောအရှင့်ထံ ငါသွားတော့မည်။ မည်သည့်အရပ်သို့သွားမည်နည်းဟု သင်တို့အနက်တစ်ယောက်မျှမမေးဘဲ၊ Ver CapítuloJudson Bible5 ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း5 ယခုမူကား ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားတော့မည်။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ‘ကိုယ်တော်သည် မည်သည့်အရပ်သို့ သွားမည်နည်း’ဟု ငါ့အား မမေးကြ။ Ver Capítuloမြန်မာ5 ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။- Ver Capítulo |
တပည့်တော်တချို့က “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားမည်’ ဟူ၍ လည်းကောင်း ငါတို့ကို မိန့်တော်မူသောစကားတို့မှာ မည်သို့သောအဓိပ္ပာယ် ဖြစ်မည်နည်း။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။