ရှင်ယောဟန် 16:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။ Ver CapítuloCommon Language Bible22 သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။'' Ver CapítuloGarrad Bible22 သို့နှင့်အညီသင်တို့သည် ယခုဝမ်းနည်းကြသော်လည်း သင်တို့ကိုငါတွေ့မြင်ဦးမည်ဖြစ်၍ နှလုံးကြည်ကြသဖြင့် သင်တို့ဝမ်းမြောက်ခြင်းကို မည်သူမျှမနုတ်မယူနိုင်။ Ver CapítuloJudson Bible22 ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။ Ver Capítuloမြန်မာ22 ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်။- Ver Capítulo |
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။