ရှင်ယောဟန် 11:52 - မြန်မာ့စံမီသမ္မာကျမ်း52 ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ Ver CapítuloGarrad Bible52 ထိုလူမျိုးအတွက်သာမဟုတ်၊ အရပ်ရပ်ကွဲလွင့်လျက်နေသော ဘုရားသခင့်သားသမီးတို့ကိုတစ်စုတစ်ရုံးတည်းဖြစ်စေရန် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊ ပရောဖက်ဉာဏ်ဖြင့် ဟောပြောသတည်း။ Ver CapítuloJudson Bible52 ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း52 ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ Ver Capítuloမြန်မာ52 ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- Ver Capítulo |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
“ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း အာဗြဟံသည် မိမိယုံကြည်သောဘုရားသခင်တည်းဟူသော သေလွန်သောသူတို့ကိုအသက်ရှင်စေ၍ ဖြစ်တည်ခြင်းမရှိသည့်အရာများကိုဖြစ်ပေါ်လာစေရန် အမိန့်ပေးနိုင်သောဘုရားသခင်ရှေ့တော်၌ ငါတို့အားလုံး၏ဖခင်ဖြစ်၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး