ရှင်ယောဟန် 11:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း52 ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ Ver CapítuloGarrad Bible52 ထိုလူမျိုးအတွက်သာမဟုတ်၊ အရပ်ရပ်ကွဲလွင့်လျက်နေသော ဘုရားသခင့်သားသမီးတို့ကိုတစ်စုတစ်ရုံးတည်းဖြစ်စေရန် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊ ပရောဖက်ဉာဏ်ဖြင့် ဟောပြောသတည်း။ Ver CapítuloJudson Bible52 ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း52 ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ Ver Capítuloမြန်မာ52 ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- Ver Capítulo |
ဖခင်ကြီးဖြစ်သည့်အရာမှာ ကျမ်းစာ၌ ဘုရားသခင်သည် အာဗြဟံအား “ငါသည် သင့်ကို လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်စေပြီ” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ ထိုသို့ ဖခင်ကြီးဖြစ်ရခြင်းမှာ အာဗြဟံသည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသောအရှင်၊ မဖြစ်ဖူးသေးသည့်အရာများကို ဖြစ်ပေါ်စေတော်မူသောအရှင် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။