ရောမ 3:11 - မြန်မာ့စံမီသမ္မာကျမ်း11 တတ်သိနားလည်သောသူမရှိ၊ ဘုရားသခင်ကိုရှာသောသူမရှိ။ Ver CapítuloCommon Language Bible11 ပညာရှိသူဟူ၍မရှိ။ ဘုရားသခင်ကိုကိုးကွယ်သူ တစ်ယောက်မျှမရှိ။ Ver CapítuloGarrad Bible11 နား လည် သော သူ၊ ဘု ရား သ ခင် ကို ရှာ သော သူ မ ရှိ။ Ver CapítuloJudson Bible11 နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသောသူမရှိ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 တတ်သိနားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ။ Ver Capítulo |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။