ရောမ 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။ Ver CapítuloCommon Language Bible10 ကျမ်းစာတော်တွင်၊``ဖြောင့်မတ်သူဟူ၍ တစ်ယောက်မျှမရှိ။ Ver CapítuloGarrad Bible10 ကျမ်း အ ဆို မှာ လည်း ဖြောင့် မတ် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ။ Ver CapítuloJudson Bible10 ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကျမ်းစာ၌ ဖော်ပြထားသည်မှာ “ဖြောင့်မတ်သောသူမရှိ။ တစ်ယောက်မျှပင် မရှိ။ Ver Capítulo |
လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။