ရောမ 10:3 - မြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။ Ver CapítuloCommon Language Bible3 သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။- Ver CapítuloGarrad Bible3 သို့ ရာ တွင်၊ အ သိ ပ ညာ အ တိုင်း မ ဟုတ်။ ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း ကို မ သိ ဘဲ ကိုယ့် ဖြောင့် မတ် ခြင်း ကို တည် စေ လို လျက် ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း ကို မ လိုက် မ နာ ကြ။ Ver CapítuloJudson Bible3 ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှာ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။ Ver Capítulo |
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။