ရောမ 10:1 - မြန်မာ့စံမီသမ္မာကျမ်း1 ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။ Ver CapítuloCommon Language Bible1 ညီအစ်ကိုတို့၊ ငါသည်မိမိ၏အမျိုးသား များကယ်တင်ခြင်းခံရစေရန်စိတ်နှလုံး အကြွင်းမဲ့လိုလားတောင့်တလျက် ဘုရား သခင်၏ထံတော်သို့ဆုတောင်း၏။- Ver CapítuloGarrad Bible1 ညီ အစ် ကို တို့၊ ထို သူ တို့ အ ဖို့ ငါ အ လို ရှိ ချက် နှင့် ဘု ရား သ ခင် ထံ ပ ဌ နာ ပြု ချက် ကား၊ ကယ် တင် ရာ ရောက် ကြ စေ ရန် တည်း။ Ver CapítuloJudson Bible1 ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှာ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း1 ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်၏ ပြင်းပြသော စိတ်ဆန္ဒနှင့် ဘုရားသခင်ထံ တောင်းသော ဆုမှာ အစ္စရေးလူမျိုးများ ကယ်တင်ခံရရန် ဖြစ်၏။ Ver Capítulo |
ကိုယ်တော်က ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့အား ‘ငါသည် သင်တို့၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေလျက် သင်တို့၏သားစဉ်မြေးဆက်အား ငါပေးမည်ဟု ကတိပြုခဲ့သော ဤမြေရှိသမျှကို သူတို့သည် ထာဝရပိုင်ဆိုင်ရကြလိမ့်မည်’ဟူ၍ ကိုယ့်ကိုယ်ကိုယ်တိုင်တည်ကျိန်ဆိုတော်မူခဲ့သည်ကို အောက်မေ့တော်မူပါ”ဟု အသနားခံလေ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။