ယေရမိ 23:36 - မြန်မာ့စံမီသမ္မာကျမ်း
36 လူတိုင်း ကိုယ့်စကားကို ဗျာဒိတ်စကားဖြစ်သည်ဟုဆိုလျက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူသော၊ အသက်ရှင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စကားတော်ကို ကပြောင်းကပြန်ဖြစ်စေကြသောကြောင့် ထာဝရဘုရား၏ဗျာဒိတ်တော်ဟူ၍ ဘယ်သောအခါမျှ သင်တို့မပြောရ။
Ver Capítulo Copiar
36 သို့ဖြစ်၍`ထာဝရဘုရား၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကို နောက်တစ်ဖန်ထိုသူတို့ မပြောရကြ။ အဘယ်ကြောင့်ဆိုသော်တစ် စုံတစ်ယောက်သောသူသည်ဤသို့ပြောဆို ပါက၊ ငါ၏ဗျာဒိတ်တော်ကိုယင်းသို့ပြော ဆိုသူအတွက်အကယ်ပင်ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။ လူတို့သည် မိမိတို့၏ဘုရားသခင်၊ အသက်ရှင်တော်မူသောအနန္တ တန်ခိုးရှင်ထာဝရဘုရား၏စကား တော်ကို အမှောက်မှောက်အမှားမှားဖြစ် စေကြလေပြီ။-
Ver Capítulo Copiar
36 ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တစ်ဖန် မဆိုရ။ လူတိုင်း မိမိစကားမှတစ်ပါး အခြားသောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင်တည်းဟူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏စကားတော်ကို ဖျက်ကြပြီ။
Ver Capítulo Copiar