ယေရမိ 2:23 - မြန်မာ့စံမီသမ္မာကျမ်း23 “သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။ Ver CapítuloCommon Language Bible23 သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။ Ver CapítuloGarrad Bible23 ငါ သည် မ သန့် ရာ မ ရောက်၊ ဗာ လ နတ် များ နောက် လိုက် လျှောက် သည် မ ဟုတ် ဟု မည် သို့ ဆို ဝံ သ နည်း။ ချိုင့် တွင် ကိုယ့် အ လေ့ အ လာ ကို သိ မြင် လျက် အ ပြု အ ကျင့် ကို လည်း သိ မှတ် လော့။ သင် သည် လျင် မြန် စွာ လှည့် ပတ် သော ကု လား အုပ် မ တန်း၊ သဲ တော ၌ လေ့ ကျက် လျက်၊ Ver CapítuloJudson Bible23 သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့နောက်သို့ မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သောလမ်းကို ကြည့်ရှုလော့။ သင်ပြုသောအမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာပြေး၍ လှည့်လည်တတ်သော ကုလားအုတ်မ ပါတကား။ Ver Capítulo |
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။