ယေဇကျေလ 33:26 - မြန်မာ့စံမီသမ္မာကျမ်း26 ဓားကိုအားကိုးလျက်၊ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကိုပြစ်မှားလျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလောဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။ Ver CapítuloCommon Language Bible26 သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။ Ver CapítuloGarrad Bible26 ဓား ကို တံ ကဲ ပြု လျက်၊ ရွံ ရှာ ဖွယ် အ မှု ကို ကျင့် လျက်၊ သူ့ မ ယား ကို ရှုတ် ချ သော သင် တို့ သည်၊ ပြည် တော် ကို ပိုင် အပ် ကြ သ လော ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။ Ver CapítuloJudson Bible26 ဓားကို ခိုလှုံလျက်၊ စက်ဆုပ်ဖွယ်သောအမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။ Ver Capítulo |
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။