ယေဇကျေလ 33:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။ Ver CapítuloCommon Language Bible25 ``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။- Ver CapítuloGarrad Bible25 အ သွေး ပါ သော အ စာ ကို စား လျက်၊ ရုပ် ပွား များ ကို ဖူး မြင် လျက်၊ သွေး သွန်း မှု ပြု သော သင် တို့ သည်၊ ပြည် တော် ကို ပိုင် အပ် ကြ သ လော။ Ver CapítuloJudson Bible25 သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် အသွေးနှင့်တကွ အမဲသားကိုစားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။ Ver Capítulo |
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။