ယေဇကျေလ 31:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible18 အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။ Ver CapítuloGarrad Bible18 ဧ ဒင် ဥ ယျာဉ် အ ပင် များ အ နက်၊ ဘုန်း တန် ခိုး ကြီး သော သင် နှင့် တူ ညီ သည် ကား၊ မည် သည့် အ ပင် နည်း။ သင် သည် ဧ ဒင် ဥ ယျာဉ် အ ပင် များ နှင့် တ ကွ၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သို့ ကျ လျက်၊ လှီး ဖြတ် ခြင်း မဲ့ သူ၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ အ လယ် တွင် အိပ် လဲ ရ လ တ္တံ့။ ဖာ ရော မင်း သည်၊ ပြည် သူ ပြည် သား တို့ ပါ၊ ထို သို့ ဖြစ် မည် ဟု ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။ Ver CapítuloJudson Bible18 သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင်သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်းကို မခံသောလူ၊ ဓားဖြင့်အသေခံရသော သူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည်ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။