ယေဇကျေလ 31:17 - မြန်မာ့စံမီသမ္မာကျမ်း17 လူမျိုးတကာတို့တွင် သူ့အရိပ်ကိုခိုနေသော သူ့လက်ရုံးတို့သည်လည်း ဓားဖြင့်အသတ်ခံရသူများရှိရာ မရဏာနိုင်ငံသို့ သူနှင့်အတူ ကျသွားလိမ့်မည်။ Ver CapítuloCommon Language Bible17 ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။ Ver CapítuloGarrad Bible17 လူ မျိုး ခြား တို့ အ တွင်း တွင်၊ အ ရိပ် အောက် မှီ ခို လျက်၊ လက် ရုံး သ ဖွယ် ဖြစ် ဖူး သူ တို့ လည်း၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ ရှိ ရာ မ ရ ဏာ့ နိုင် ငံ သို့ လိုက် ဆင်း ကြ လိမ့် သ တည်း ဟု မိန့် ဆို၏။ Ver CapítuloJudson Bible17 ထိုသူနှင့်တကွ သူ့လက်ရုံးဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ဓားဖြင့် အသေခံရသော သူတို့နေရာ၊ မရဏနိုင်ငံထဲသို့ လိုက်သွားကြ၏။ Ver Capítulo |
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။