ယေဇကျေလ 27:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။ Ver CapítuloCommon Language Bible16 ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။- Ver CapítuloGarrad Bible16 သင်၌ လက် ဖြစ် များ ပြား သည့် အ တွက်၊ ရှု ရိ ပြည် သည် ဆီး ကျောက်၊ အ မောင်း ထည်၊ ပန်း ထိုး ထည်၊ ပိတ် ချော ထည်၊ သ န္တာ ကျောက် နှင့် ပ တ္တ မြား ကုန် များ ကို ထပ် လဲ ကုန် သွယ် သူ ဖြစ် ၏။ Ver CapítuloJudson Bible16 သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ပြာသောအထည်၊ ခြယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။ Ver Capítulo |
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။