Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ဇ​ကျေ​လ 22:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သူတစ်ပါး​အသက်​ကို​သတ်​လို​၍ ချောက်တွန်း​သော​သူ​၊ တောင်​များ​ပေါ်၌ ပူဇော်သောအစာ​ကို စား​သော​သူ​၊ သင့်​ထဲ​တွင် ညစ်ညမ်း​သော​အမှု​ကို ပြု​သော​သူ​များ သင့်​တွင်​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

9 သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

9 သင် သည် သွေး သွန်း လို၍ ကုန်း ချော သူ၊ တောင် များ ပေါ် တွင် စား သောက် သူ၊ ကာ မ ဂုဏ် လိုက် စား သူ၊

Ver Capítulo Copiar

Judson Bible

9 သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​လို၍ ကုန်း​တိုက်​သော​သူ၊ တောင်​ပေါ်​မှာ စား​သော​သူ၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ ရှိ​ကြ၏။

Ver Capítulo Copiar




ယေ​ဇ​ကျေ​လ 22:9
35 Referencias Cruzadas  

မိမိ​၏​အိမ်နီးချင်း​ကို ကွယ်ရာ​တွင် မတရား​စွပ်စွဲ​ပြောဆို​သော​သူ​ကို အကျွန်ုပ်​ဖယ်ရှားသုတ်သင်​ပါ​မည်​။ ဘဝင်မြင့်​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​ရှိ​သူ​ကို အကျွန်ုပ်​သည်းခံ​မည်​မ​ဟုတ်​ပါ​။


တစ်ဖန် သူ​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​၍ လူသေ​တို့​အား​ပူဇော်​သော​ယဇ်​ကို စား​ကြ​၏​။


သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။


သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။


မဟုတ်မမှန်​သော​သတင်း​ကို​မ​ဖြန့်​ရ​။ ဆိုးယုတ်​သော​သူ​နှင့်​ပေါင်း​၍ မတရား​သော​သက်သေ မ​ထွက်ဆို​ရ​။


မုန်းတီး​ခြင်း​ကို​ဖုံးကွယ်​ထား​သော​သူ​၌ မုသား​နှုတ်ခမ်း​ရှိ​၏​။ အသရေပျက်​စေ​သော​စကား​ကို ဖြန့်​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။


အတင်းအဖျင်း​ပြောဆို​သော​သူ​၏​စကား​တို့​သည် စားကောင်းသောက်ဖွယ်​များ​ကဲ့သို့​ဖြစ်၍ အတွင်း​အကျဆုံး​နေရာ​များ​သို့​ဆင်းသွား​တတ်​၏​။


အတင်းအဖျင်း​ပြောဆို​သော​သူ​၏​စကား​တို့​သည် စားကောင်းသောက်ဖွယ်​များ​ကဲ့သို့​ဖြစ်​၍ အတွင်း​အကျဆုံး​နေရာ​များ​သို့ ဆင်းသွား​တတ်​၏​။


သူ​တို့​အားလုံး​သည် ကြေးနီ​ကဲ့သို့​၊ သံ​ကဲ့သို့ ခေါင်းမာ​၍ ပုန်ကန်​တတ်​၏​။ အတင်းအဖျင်း​လိုက်ပြော​တတ်​၏​။ သူ​တို့​အားလုံး အကျင့်ပျက်ပြား​ကြ​၏​။


“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။


သင်​တို့​ကြောင့် ဤ​မြို့​တွင် လူ​အမြောက်အမြား​သေဆုံး​ရ​၍ လမ်း​များ​ပေါ်တွင် အသေကောင်​တို့​ပုံ​နေ​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​၏​ငယ်ဘဝ​ကို မေ့​ထား​ပြီး ညစ်ညမ်း​သော​အမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​ရှိသမျှ​တို့​ကို ပြု​ခြင်း​ဖြင့် ငါ့​ကို​ဒေါသထွက်​စေ​သောကြောင့် သင်​ပြု​ခဲ့​သမျှ​တို့​ကို သင့်​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ ထို​အမှု​အပေါင်း​တို့​ကို သင်​မ​ပြု​တော့​နှင့်​။


ဖခင်​မ​ပြု​ခဲ့​သော​အမှု​များ​ဖြစ်​သည့် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို​စား​ခြင်း​၊ အိမ်နီးချင်း​၏​မယား​ကို​ပြစ်မှား​ခြင်း​၊


သူ​သည် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊


တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊ ဓမ္မတာလာ​သော​မိန်းမ​ထံ မ​ချဉ်းကပ်​၊


သူ​တို့​သည် သင့်​ကို​မုန်း​သဖြင့် သင့်​ချွေးနှဲစာ​ရှိသမျှ​ကို​ယူ​၍ သင့်​ကို အဝတ်မပါ​အချည်းစည်း ပစ်ထား​ကြ​လိမ့်မည်​။ သင်​သည် အရှက်မရှိ ပြည့်တန်ဆာ​လုပ်​ခဲ့​ပုံ​များ​၊ ညစ်ညမ်း​သော​အမှု​ပြု​ခဲ့​ပုံ​များ​၊ ဖောက်ပြန်မှားယွင်း​ခဲ့​ပုံ​များ​ကို ငါ​ဖော်ထုတ်​မည်​။


သင်​ပြု​သော​ညစ်ညမ်းမှု​များ​ကြောင့် သင့်​ကို​အညစ်အကြေး​များ ကပ်​နေ​လေ​ပြီ​။ ငါ​သည် သင့်​ကို​စင်ကြယ်​အောင်​လုပ်​သော်လည်း သင်​မ​စင်ကြယ်​နိုင်​။ သင့်​အပေါ်​ကျရောက်​သော ငါ့​အမျက်ဒေါသ​မ​ပြေ​မ​ချင်း သင်​စင်ကြယ်​ခွင့်​ရ​မည်​မ​ဟုတ်​။


သူ​တို့​သည် ထာဝရဘုရား​၏​စကား​ကို​မ​လိုက်နာ​၊ ထာဝရဘုရား​ကို​စွန့်ပယ်​သောကြောင့် အစာ​စား​ရ​သော်လည်း တင်းတိမ်​မည်​မ​ဟုတ်​၊ ပြည့်တန်ဆာလုပ်​သော်လည်း သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။


ပြည့်တန်ဆာလုပ်​သော​သင်​တို့​၏​သမီး​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​ကြ​သော​သင်​တို့​၏​ချွေးမ​များ​ကို ငါ​ဒဏ်​မ​ခတ်​။ အကြောင်းမှာ ယောက်ျား​များ​ကိုယ်တိုင် ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​ကြ​၏​။ ဗိမာန်ပြည့်တန်ဆာ​တို့​နှင့်အတူ ယဇ်ပူဇော်​ကြ​၏​။ ထို့ကြောင့် အသိဉာဏ်​မ​ရှိ​သော​သူ​တိုင်း ပျက်စီး​ရ​လိမ့်မည်​။


တိုင်းပြည်​သည် ကျိန်ဆို​ခြင်း​၊ လိမ်ညာ​ခြင်း​၊ လူသတ်​ခြင်း​၊ ခိုးယူ​ခြင်း​၊ အိမ်ထောင်ရေးဖောက်ပြန်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏​။ လူသတ်မှု​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။


လူ​ကို​ချောင်းမြောင်းတိုက်ခိုက်​သော​ဓားပြ​ကဲ့သို့ ယဇ်ပုရောဟိတ်​အုပ်စု​သည် ရှေခင်​မြို့​လမ်း​တွင် လူ​ကို​သတ်​၏​။ သူ​တို့​သည် ရှက်ဖွယ်​အမှု​ကို ပြု​ကြ​၏​။


မုန့်ဖုတ်​သူ​သည် မုန့်ညက်​ကို​နယ်​ပြီး တဆေးပေါက်​သည်​အထိ မီး​ဆက်​ထိုးစရာ​မ​လို​ဘဲ မီးတောက်​နေ​သော​မီးဖို​ကဲ့သို့ သူ​တို့​အားလုံး အိမ်ထောင်ရေးဖောက်ပြန်​လို​စိတ်​များ ပြင်းထန်​၏​။


သင်​၏​လူမျိုး​တို့​တွင် လှည့်လည်​၍ သူတစ်ပါး​အသရေပျက်​အောင် မ​ပြော​ရ​။ သင်​၏​အိမ်နီးချင်း​ကို အသက်အန္တရာယ်​ဖြစ်​အောင် မ​ပြု​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။


ယခု အကျွန်ုပ်​အပေါ်​စွပ်စွဲ​နေ​သည့်​အချက်​များ​နှင့်​ပတ်သက်၍​လည်း သူ​တို့​သည် အရှင့်​ထံ​သက်သေ​မ​ပြ​နိုင်​ပါ။


ပြဿနာ​ကို​သာ​ဖန်တီး​လေ့​ရှိ​သော​ဤ​သူ​သည် ကမ္ဘာ​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​၌ ဆူပူ​အုံကြွ​မှု​များ​ဖြစ်ပေါ်​အောင် လှုံ့ဆော်​နေ​သူ​ဖြစ်​ပြီး နာဇရက်​ဂိုဏ်းကွဲ​၏​ခေါင်းဆောင်​တစ်​ဦး​လည်း​ဖြစ်ကြောင်း တွေ့ရှိ​ရ​ပါ​သည်။


ထိုသို့ ဂိဗာ​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​တွင် ညစ်ညမ်း​သော​အမှု​၊ ယုတ်ညံ့​သော​အမှု​ကို ပြု​ကြ​သောကြောင့် အကျွန်ုပ်​လည်း မယားငယ်​အသေကောင်​ကို ခုတ်ဖြတ်​ပြီး အစ္စရေး​လူမျိုး​တို့ အမွေခံရာ​ပြည်​တစ်လျှောက်လုံး​သို့ ပို့​လိုက်​ပါ​၏​။


ယခုပင်​ကြည့်​ပါ​လော့​။ ထာဝရဘုရား​သည် လိုဏ်ဂူ​ထဲ​ရောက်​နေ​သော​အရှင်မင်းကြီး​အား အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​သည်​ကို ယနေ့ အရှင်မင်းကြီး​အမြင်​ပင် ဖြစ်​ပါ​၏​။ အရှင်မင်းကြီး​ကို ကွပ်မျက်​ရန်​ပြောဆို​ကြ​သော်လည်း အရှင်မင်းကြီး​ကို အကျွန်ုပ်​နှမြော​သည်​ဖြစ်၍ အကျွန်ုပ်​က ‘ငါ​သည် ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​မ​ပြု​။ အကြောင်းမှာ သူ​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏’​ဟု ပြန်ပြော​ပါ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos