ယေဇကျေလ 22:4 - မြန်မာ့စံမီသမ္မာကျမ်း4 လူ့အသက်ကိုသတ်သောကြောင့် သင့်အပေါ် အပြစ်သက်ရောက်ပြီ။ သင်ထုလုပ်သောရုပ်တုများအားဖြင့် သင်ညစ်ညူးလေပြီ။ သင်အပြစ်ဒဏ်ခံရမည့်နေ့ရက်ကို သင်နီးစေလေပြီ။ သင်၏နှစ်ကာလ ကုန်ဆုံးတော့မည်။ ထို့ကြောင့် ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တွင် လူမျိုးတကာတို့ ကဲ့ရဲ့ပြောင်လှောင်စရာဖြစ်စေပြီ။ Ver CapítuloCommon Language Bible4 သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။- Ver CapítuloGarrad Bible4-5 သင် သည် သွန်း ခဲ့ သော အ သွေး ကြောင့် ပြစ် ဒဏ် ခံ ထိုက် လျက်၊ ထု လုပ် သော ရုပ် တု များ ကြောင့် မ သန့် ရာ ရောက် လျက်၊ ရက် တာ ရောက် လု စေ ပြီ။ နှစ် တာ ကုန် ခန်း စေ ပြီ တ ကား၊ သို့ ဖြစ်၍၊ အ သ ရေ ပျက် လျက် သောင်း ကျန်း တတ် သော အို မြို့ တော်၊ ငါ သည် လူ အ မျိုး မျိုး တွင် ကဲ့ ရဲ့ ရာ၊ အ ပြည် ပြည် တွင် ပြောင် လှောင် ရာ၊ သင့် ကို ဖြစ် စေ သည့် အ တိုင်း၊ နီး စပ် သူ၊ ဝေး ကွာ သူ တို့ သည် ပြောင် လှောင် ကြ လ တ္တံ့။ Ver CapítuloJudson Bible4 သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်းရှိ၏။ သင်၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။ Ver Capítulo |
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။