ယေဇကျေလ 22:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဘုရားရှင်ထာဝရဘုရားက ‘လူ့အသက်ကို သတ်သောမြို့၊ ရုပ်တုများကိုပြုလုပ်ပြီး မိမိကိုယ်ကို ညစ်ညူးစေသောကြောင့် သူပျက်စီးရမည့်အချိန် ကျရောက်လေပြီ။ Ver CapítuloCommon Language Bible3 ငါအရှင်ထာဝရဘုရားသည်ထိုမြို့အား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့် ဆိုလော့။ သင်သည်မိမိ၏လူတို့ကိုအမြောက် အမြားသတ်ခဲ့ပြီးရုပ်တုများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညမ်း စေခဲ့သဖြင့်သင်၏နေ့ရက်ကာလသည် ကျရောက်လာလေပြီ။- Ver CapítuloGarrad Bible3 အ ရှင် ထာ ဝ ရ ဘု ရား က၊ အ ချိန် ကာ လ ရောက် စေ ခြင်း ငှာ၊ အ တွင်း တွင် သွေး သွန်း မှု ပြု လျက်၊ မ သန့် ရာ ရောက် စေ ခြင်း ငှာ၊ ရုပ် တု များ ကို ထု လုပ် သော အို မြို့ တော်၊ Ver CapítuloJudson Bible3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှာ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဖို့ မိမိတစ်ဖက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊ Ver Capítulo |
လူ့အသက်ကိုသတ်သောကြောင့် သင့်အပေါ် အပြစ်သက်ရောက်ပြီ။ သင်ထုလုပ်သောရုပ်တုများအားဖြင့် သင်ညစ်ညူးလေပြီ။ သင်အပြစ်ဒဏ်ခံရမည့်နေ့ရက်ကို သင်နီးစေလေပြီ။ သင်၏နှစ်ကာလ ကုန်ဆုံးတော့မည်။ ထို့ကြောင့် ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တွင် လူမျိုးတကာတို့ ကဲ့ရဲ့ပြောင်လှောင်စရာဖြစ်စေပြီ။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။